မင်းရယ် ကိုယ်ရယ် အချစ်ရယ် (ထက်ထက်တင်ဇာ)
အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းထက် ပိုနက်ရှိုင်းတဲ့ “နားလည်မှု” တစ်ခုပါ ![]()
Good Vibes, Good Life စာအုပ်နဲ့ စာဖတ်သူတွေရဲ့ စိတ်ခွန်အားတွေကို မြှင့်တင်ပေးခဲ့တဲ့ စာရေးသူ Vex King ရဲ့ နောက်ထပ်စာအုပ်တစ်အုပ်။ အချစ်အကြောင်း ပြောကြတဲ့အခါ အများစုက ရင်ခုန်စရာ အခိုက်အတန့်တွေကိုပဲ အာရုံစိုက်တတ်ကြပေမဲ့ ဒီစာအုပ်မှာတော့ ဒီထက်ပိုပြီး နက်ရှိုင်းတဲ့ ရှုထောင့်ကနေ တင်ပြထားပါတယ်။
လူတိုင်းက ချစ်တတ်ကြပေမဲ့ အချစ်ကို ထိန်းသိမ်းတတ်ဖို့ကျတော့ သင်ယူကြရပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတစ်တွဲဖြစ်ဖို့ဆိုတာ တစ်ဖက်လူအတွက် အရာအားလုံးကို စွန့်လွှတ်အနစ်နာခံပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားရတာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်ရုံနဲ့တင် မလုံလောက်ဘဲ “ဘယ်လို မှန်မှန်ကန်ကန် ချစ်ရမလဲ” ဆိုတာကို ဒီစာအုပ်က လမ်းပြပေးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တတ်မှ တပါးသူကိုလည်း စစ်မှန်တဲ့ မေတ္တာတွေ ပေးနိုင်မှာပါ။
အချစ်ရေးမှာ ပျော်ရွှင်ချင်လို့ပဲဖြစ်ဖြစ်၊ အဓိပ္ပာယ်ရှိတဲ့ Relationship တစ်ခုကို တည်ဆောက်ချင်လို့ပဲဖြစ်ဖြစ် ဒီစာအုပ်က သင့်အတွက် အဖော်မွန်ကောင်း ဖြစ်နေမှာပါ။
စာရေးသူ-ထက်ထက်တင်ဇာ
စာ-၄၃၂
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.