Easy Ways SYSTEM HACKING(ရဲနောင်)
Easy Ways System Hacking လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးဟာ System Hacking ကို တစ်လုံးတစ်ပါဒမှ မလေ့လာဖူးသေးတဲ့ Beginner Level ကစပြီး အတော်အသင့် လေ့လာဖူးတဲ့ Intermediate Level အထိ ဖတ်နိုင်အောင်နဲ့ လက်တွေ့ အသုံးချနိုင်အောင် ရေးသားဆွေးနွေးထားပါ တယ်။
Hackingဟာ နူးညံ့သော သိမ်မွေ့သော ရှုပ်ထွေးသော ဝိသေသတွေရှိနေတဲ့ဘာသာရပ်ဖြစ်သည့် အားလျော်စွာ အထိမခံတဲ့ ဘာသာရပ်ထဲမှာအပါအဝင်ဖြစ်ပါတယ်၊ ဒါကြောင့်လည်း စာရေးသူအနေနဲ့ Easy Ways System Hacking စာအုပ်ကိုရေးသားရာမှ Beginner တွေ နားရှုပ်စေမယ့် Technical Term တွေကို တတ်နိုင်သမျှ ရှောင်ရှားပြီး လွယ်လွယ်ကူကူနဲ့ နည်းစနစ်တကျတတ်မြောက် နားလည်စေ ဖို့ကိုပဲ ဦးတည်ရေးသားထားပါတယ်။ Hacking ကို စတင်လေ့လာသူတစ်ယောက်အနေနဲ့ နည်းစနစ် တကျ စတင်မလေ့လာဖူးဆိုရင် Hacking ဟာ ရှုပ်ထွေးလွန်းတယ်၊ Hacking အတွက် ငါ့မှာ ပါရမီမပါဘူး ဆိုပြီး လက်လျော့သွားတတ်ပါတယ်။ တကယ်တော့ Hacking ကို လေ့လာဖို့ ပါရမီမလိုအပ်ပါဘူး။ နည်းစနစ်တကျစတင်လေ့လာဖို့သာ အထူးလိုအပ်တာ ဖြစ်ပါတယ်။
ဒါကြောင့် Beginner တွေအပါအဝင် System Hacking ကို စိတ်ဝင်စားသူတွေအနေနဲ့ စနစ်တကျ လေ့လာနိုင်စေဖို့အတွက် ဒီစာအုပ်မှာပါဝင်တဲ့ Lab တွေကအစ မလွယ်လွန်း မခက်လွန်းတာတွေကိုပဲ Level နှစ်ခုအတွက် Balance ညှိပြီး လက်တွေ့လုပ်ဆောင်နိုင်အောင် စီစဉ်ရေးသားထားပါတယ်၊ 3 Windows 7, Windows 10, Smart Phone စတဲ့ Real System Devices တွေကို Attack မလုပ်ခင်မှာ Hacking Process and Procedure တွေကို ကျွမ်းကျင်စေဖို့အတွက် Intentionally Vulnerable Virtual OS 0 Metasploitable 2.05 3: System Hacking Lab တွေ လုပ်ပြပေးထားပါတယ်။
ဒီ Lab ပြီးမှသာ Real System Devices တွေကို Linux ရဲ့ Kali OS ကိုအသုံးပြုပြီး Method အမျိုးအစား အစုံအလင်နဲ့ Exploitation တွေ လုပ်ပြထားသည့်အပြင်၊ System Exploitation တွေ လုပ်ရာမှာ အသုံးဝင်လှတဲ့ Payload, Backdoor, Trojan, Virus စတဲ့ Malware တွေကိုလည်း ကိုယ်တိုင် Create လုပ်နိုင်အောင် အသေးစိတ် ရေးသားဆွေးနွေးထားပါတယ်။
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.