နားတစ်ဖက်လည်း ကျွန်တော် ဓားတစ်လက်လည်း ကျွန်တော်
နာရီလေးတစ်လုံး အိမ်က ဝယ်ပေးဖူးတယ်။
ပထမဆုံးနာရီလေးမို့ ကြိုက်သလို တန်ဖိုးလည်း ထားတယ်။ ဘယ်သွားသွား ပတ်သွားလေ့ရှိတယ်။
ဒါပေမဲ့ တစ်နေ့ ကျောင်းအဆင်း အပေါင်းအသင်းတွေနဲ့ ချောင်းထဲ ရေဆင်းချိုးရင်း ရေစီးနဲ့ ပါသွားတယ်။ ပြန်ရှာမရတော့ဘူး။ နှမြောသလို ရေထဲမဆင်းခင် ချွတ်ခဲ့ရမှာဆိုတဲ့ အသိတရားလည်း ရခဲ့တယ်။
လွန်ခဲ့တဲ့ ၂-နှစ်လောက်ကလည်း ကြောင်လေးတစ်ကောင် မွေးဖြစ်တယ်။ တယုတယ မရှိခဲ့ဘူး။ အစာတောင်းရင် ကျွေးတယ်။ လူပေါ်တက်လာရင် မောင်းချမိသေးတာ။ နောက်တော့ အဲဒီကြောင်လေးဟာ အိမ်ထက် ဘေးအိမ်မှာပဲ အနေများတယ်။ အစာစားချိန်လည်း ပြန်မလာသလို အိပ်ချိန်လည်း ပြန်မလာတော့ဘူး။
သွားခေါ်မှ ပြန်လာတဲ့အဆင့်ထိ ရောက်သွားတာ။ နောက်ဆုံး သေသွားတာတောင် သူများအိမ်မှာ။
ဘာသိခဲ့လဲဆိုတော့ ချစ်နေမြတ်နိုးနေရုံနဲ့ မပြီးသေးဘူး။ အချိန်ပေးရမယ်။ ဂရုစိုက်ရမယ်။ ကြင်နာရမယ်။ နွေးထွေးရမယ် ဆိုတာတွေလည်း လိုသေးတယ်။
- တချို့အရာတွေကို ဆုံးရှုံးလိုက်ရတယ်ဆိုတာ ကိုယ်တိုင်ကြောင့်ပဲ။ ဘယ်သူ့ပယောဂမှ မပါဘူး။
နားတစ်ဖက်လည်း ကျွန်တော် ဓားတစ်လက်လည်း ကျွန်တော်
========================
စာရေးသူ–Lionel SN
စာမျက်နှာ–120
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.