ညည်းညူမနေနဲ့.....ရှေ့ဆက်လှမ်း(သင်ဇာစိုးထင်)
ဘဝမှာ အဆင်မပြေမှုတွေနဲ့ ကြုံလာတဲ့အခါတိုင်၊
"ဘာလို့ ငါကျမှ လာဖြစ်ရတာလဲ”လို့ ညည်းတွားမိတတ်ပါသလား။ ကိုယ့်ရဲ့ကျရှုံးမှုတွေအတွက် ကံကြမ္မာနဲ့ ပတ်ဝန်းကျင်ကိုပဲ အပြစ်တင်နေမိပြီလား။ တကယ်တော့ ကျွန်မတို့ရဲ့ဘဝကို ပုံဖော်နေတာဟာ ကြုံတွေ့ရတဲ့ အခက်အခဲတွေမဟုတ်ဘဲ၊ အဲဒီအခက်အခဲတွေအပေါ် ကျွန်မတို့ ဘယ်လို ရှုမြင်တုံ့ပြန်သလဲ ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အရောင်းရဆုံးစာရင်းဝင် ဒီစာအုပ်ဟာ သင့်ကို အကျိုးမရှိတဲ့ ညည်းတွားမှုတွေကနေ ရုန်းထွက်ပြီး ကိုယ့်ဘဝကို ကိုယ်တိုင် ပြန်လည်ဦးဆောင်နိုင်အောင် လက်တွေ့ကျကျ လမ်းညွှန်ပေးသွားမှာပါ။
ဒီစာအုပ်က သင့်ကို
အဆိုးမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် သနားနေတတ်တဲ့ အလေ့အထတွေကို ပယ်ရှားနိုင်အောင် ကူညီပေးပါလိမ့်မယ်။
မိမိဘဝအတွက် အပြည့်အဝ တာဝန်ယူရဲတဲ့ စိတ်ဓာတ်ခွန်အားတွေကို တည်ဆောက်ပေးပါလိပ်မယ်။
အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပြီး အတိတ်မှာ ပိတ်မိမနေဘဲ ရှေ့ကို ဆက်သွားနိုင်ဖို့ တွန်းအားပေးပါလိမ့်မယ်။
"Shut Up" - အကျိုးပဲ့တဲ့ ဆင်ခြေတွေ၊ ညည်းတွားမှုတွေကို အခုပဲ ရပ်တန့်လိုက်ပါ။
"Move On" - ပိုပိုကောင်းမွန်ပြီး အောင်မြင်တဲ့ အနာဂတ်ဆီကို ရဲရဲဝံ့ဝံ့ ရှေ့ဆက်လှမ်းလိုက်ပါ။
သင့်ဘဝကို အမှန်တကယ် ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့.. "ညည်းညူမနေနဲ့ ရှေ့ဆက်လှမ်း"ပါ။
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.