အောင်မြင်သူတွေရဲ့ ဦးနှောက် (Team Nyana)

TEAM NYĀNA

အောင်မြင်သူတွေရဲ့ ဦးနှောက် (Team Nyana)

16000 MMK
Out of stock
Publisher
ISBN
Pages
247
Wishlist View cart

ကမ္ဘာကျော်အောင်မြင်သူတွေ၊ ထူးချွန်တဲ့ ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တိုင်းမှာ ဘုံတူညီတဲ့ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာ (၈) ခု ရှိပါတယ်။ အဲဒီနည်းဗျူဟာတွေက သူတို့ရဲ့ ဦးနှောက်ကို အမြင့်ဆုံးစွမ်းဆောင်ရည်အထိ ရောက်အောင် တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

📌အခုဆိုရင် ဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ထားတဲ့ "အောင်မြင်သူတွေရဲ့ ဦးနှောက်"စာအုပ် ထွက်ရှိလာခဲ့ပါပြီ။

သိပ္ပံပညာရှင် Mark Fenske နဲ့ စာရေးဆရာ Jeff Brown တို့က နှစ်ပေါင်းများစွာ သုတေသနပြုပြီး ဒီစာအုပ်ကို ရေးသားထားတာပါ။ သင့်ရဲ့ ဦးနှောက်ကို အောင်မြင်သူတွေလို ဘယ်လိုတွေးခေါ်၊ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သိပ္ပံနည်းကျ အကောင်းဆုံး ရှင်းပြပေးထားပါတယ်။

"အောင်မြင်သူတွေရဲ့ ဦးနှောက်"စာအုပ်ဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို အသေးစိတ် ဖော်ထုတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒါကြောင့်... အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အောင်မြင်မှုတွေ ရယူတဲ့နေရာမှာ သင့်ဦးနှောက်ကို လက်တွေ့ကျကျ အသုံးချနိုင်မယ့် နည်းလမ်းတွေကို ပေးစွမ်းနိုင်မှာပါ။

ဒီစာအုပ်ပါ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ချက်ချင်းအသုံးချပြီး သင့်ဘဝမှာ ကောင်းကျိုးချမ်းသာတွေကို ရယူနိုင်ပါလိမ့်မယ်။

"သင့်ဦးနှောက်ရဲ့ စွမ်းအားအပြည့်အဝကို အသုံးချပြီး အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းလိုက်ပါ"။

အောင်မြင်သူတွေရဲ့ဦးနှောက်

~~~~~~~~~~~~~~~~~~~

ဘာသာပြန်- TEAM NYĀNA

◾️စာမျက်နှာ ၂၄၆

----------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.