ဘဝအိုအေစစ် (မောင်သန်း)

မောင်သန်း

ဘဝအိုအေစစ် (မောင်သန်း)

9500 MMK
Out of stock
Publisher
ပန်းဆက်လမ်း
ISBN
Pages
176
Wishlist View cart

📖ဘဝအိုအေစစ်


ကျွန်တော်တို့ တော်တော်များများဟာ ဘဝရဲ့ အထုအထောင်းတွေကို ခံရတဲ့အခါ ပြဿနာတွေကို လျစ်လျူရှုပြီး ကိုယ့်ခေါင်းထဲမှာပဲ အတွေးတွေနဲ့ တဝဲဝဲလည်နေတတ်ကြတော့တယ်။ ဒါကြောင့်ပဲ ရေရှည်မှာ စိတ်ဖိစီးမှုတွေ စိုးရိမ်မှုတွေ တရိပ်ရိပ် မြင့်တက်လာရော။


တချို့ကျတော့ ဘဝကကြမ်းလေ အလုပ်မှာ ပိုကြိုးစား၊ ကျောင်းစာမှာ ပိုကြိုးစားကြလေ။ ဒီလို လုပ်ခြင်းဖြင့် သူတို့အတွက်ရော သူတို့ချစ်ခင်ရသူတွေအတွက်ပါ ရေရှည်မှာ ပျော်ရွှင်စေလိမ့်မယ်လို့ မျှော်လင့်ချက်ထားကြတယ်။


တစ်ယောက်တည်းနေ တစ်စိတ်တည်းထားရင်ကော မကောင်းဘူးလား။ လေယဉ်ပေါ်မှာ ကိုယ့်အောက်ဆီဂျင်ဘူးကို အရင်တပ်ပြီးမှ သူများကို ကူညီပါလို့ အကြံပေးသလို ကျွန်တော်တို့ဟာလည်း ကမ္ဘာကြီးနဲ့ အသားမကျခင် မိမိကိုယ်ရဲ့စိတ်ကို အရင်အသားကျအောင် ကြိုးစားဖို့ လိုပါတယ်။


ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဟေမန်ဆူနမ်က သူ့ရဲ့ပထမဆုံးထုတ်တဲ့ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်တဲ့ “The Things You Can See Only When You Slow Down” "ငြိမ်းချမ်းမှုကိုရှာဖွေခြင်း”


စာအုပ်နောက်ဆက်တွဲအဖြစ် ထုတ်ဝေတဲ့ ယခု စာအုပ်မှာတော့ မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့အရေးကြီးကြောင်းကို သူ့ရဲ့ မျှော်မြင် ကြင်နာမှုကို အခြေခံပြီး ပြောပြထားပါတယ်။ ကိုယ့်ရဲ့ အမှားတွေကို အရှိအတိုင်း လက်ခံခြင်းဖြင့်သာ ကိုယ့်ရဲ့ မိတ်ဆွေ၊ မိသားစု၊ အိမ်ထောင်ဘက်တို့နဲ့ ကောင်းမွန်ပြည့်စုံတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မှာဖြစ်ကြောင်းလည်း တင်ပြထားပါတယ်။

========================

စာရေးသူ–မောင်သန်း

စာမျက်နှာ–176

------------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books