စာရင်းအင်းပညာမိတ်ဆက်ဖြစ်တန်စွမ်း
သရုပ်ဖော်စာရင်းအင်းမှတစ်ဆင့် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် အမှားနည်းပါး စေရန်အတွက် အကူအညီပေးသည့် ဖြစ်တန်စွမ်းသီအိုရီနှင့် ဖြစ်တန်စွမ်းပြန့်ချက်တို့၏ အခြေခံသဘော တရားကို လွယ်ကူစွာလေ့လာနိုင်ရန် "စာရင်းအင်းပညာမိတ်ဆက် ဖြစ်တန်စွမ်း" စာအုပ်အဖြစ် ထုတ်ဝေလိုက်ပါသည်။
📖ဤစာအုပ်တွင် ဖြစ်တန်စွမ်းဆိုင်ရာ အယူအဆများစွာ၏ အခြေခံဖြစ်သော အစုသီအိုရီ(set theory)နှင့် ရေတွက်ခြင်း (counting) တို့ကို ဖော်ပြထားပါသည်။
အခန်း(၂)သည်-ဖြစ်တန်စွမ်းကို ရှုထောင့်အမျိုးမျိုးမှ အဓိပ္ပာယ်ဖွင့်ဆို၍ ဥပမာများစွာဖြင့် ရှင်းပြထားပါသည်၊
အခန်း(၃)တွင် ကျပန်းကိန်းရှင်၏အဓိပ္ပာယ်၊ အမျိုးအစားနှင့် ဖြစ်တန်စွမ်းပြန့်ချက်များ အသုံးဝင်မှုကို ဖော်ပြထားပါသည်။ အခန်း(၄)နှင့် (၅)တို့တွင် နော်မယ်ပြန့်ချက်အပါအဝင် လက်တွေ့အသုံးများသည် ဖြစ်တန်စွမ်းပြန့်ချက်များကို လက်တွေ့ဥပမာများအရ တွက်ချက်ဖော်ပြထားပါသည်။ အခန်း(၆)သည် နမူနာတစ်ခုအပေါ်အခြေခံ၍ ဦးရေအကြောင်းကို ကောက်ချက်ချရာတွင် နမူနာပြန့်ချက်(samplin distribution) ၏ အရေးပါမှုကို ရှင်းပြထားပါသည်။
📕စာရင်းအင်းပညာမိတ်ဆက်
ဖြစ်တန်စွမ်း
✍ဒေါက်တာစိုးဝင်း (စာရင်းအင်းပညာ)
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.