ဖရာရီလမ်းခွဲ (မိုးရှင်း)
ဖာရာရီလမ်းခွဲ တဲ့
စာအုပ်နာမည်လေးက ကဗျာဆန်ဆန်လေးပါပဲ
နာကြင်ဖွယ်လမ်းခွဲတစ်ခုခုကို ရည်ရွယ်ပြီး ရေးသားထားတဲ့ ဝတ္ထုလို့ တွေးထင်စရာပေါ့
ကျနော်လည်း အရင်က ဒီလိုပဲ ထင်ထားခဲ့တာပါ
ဖတ်ကြည့်လိုက်တော့မှာ ကိုယ်ထင်ထားတာနဲ့ လုံးဝ ကွဲလွဲနေကြောင်းသိလိုက်ရတယ်
အို.. ဖာရာရီလမ်းခွဲဆိုတာ နာကြင်စရာတစ်စုံတစ်ခုနဲ့ လမ်းခွဲခြင်းကိုရေးသားထားတာမှမဟုတ်ပဲ
ပျော်ရွှင်ဖို့ အောင်မြင်ဖို့ အတွက်
အကောင်းဆုံး ဆေးနည်းတစ်ခု ဘဝအဓိပ္ပါယ်အစစ်ကို တွေ့ရစေမယ့်
စိတ်ရဲ့သော့ချက်တစ်ခုကို လမ်းညွှန်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်နေပါတယ်
တကယ်အောင်မြင်တဲ့ဘဝ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုယူရသလဲဆိုတဲ့ အချက်ကို ပိုင်ပိုင်နိုင်နိုင်သိသွားခဲ့တယ် ။
အရာရာတိုင်းဟာ အကြောင်းမဲ့ဖြစ်ခဲ့ကြတာမဟုတ်ဘူး ။
ဘဝမှာ ဖြစ်ပျက်သမျှအရာတိုင်းမှာ အကြောင်းပြချက်ရှိပြီး ကျရှုံးမှုတိုင်းမှာလည်း သင်ခန်းစာယူစရာတွေ ကိန်းဝပ်နေပါတယ် ။
ဘယ်လိုကျရှုံးမှုပဲဖြစ်ဖြစ် ကျရှုံးမှုတိုင်းဟာ လူတစ်ယောက်တိုးတက်ဖို့ အမြဲအသုံးဝင်ပါတယ်။ ပြီးဆုံးသွားတဲ့ အတိတ်တွေအတွက် ဘယ်တော့မှနောင်တမရပါနဲ့ ။ အဲဒီအစားအတိတ်ဟာ ကိုယ့်ကို ဘဝအကြောင်းသင်ပေးနေတဲ့ ဆရာတစ်ယောက်အဖြစ်သာသတ်မှတ်ထားပါ။
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.