နူးညံ့စွာ ကုစားခြင်း (ပွင့်ဖူး)

ပွင့်ဖူး

နူးညံ့စွာ ကုစားခြင်း (ပွင့်ဖူး)

10000 MMK
Out of stock
Publisher
ISBN
Pages
Wishlist View cart

ဒီစာအုပ်ရဲ့ အထူးခြားဆုံး အလှတရားကတော့ အကြောင်းအရာတွေကို ရှင်းပြရုံသက်သက် မဟုတ်ဘဲ ခေါင်းစဉ်လေးတွေရဲ့ အဆုံးမှာ “စိတ်အိမ်လေးကို ပြန်လည်ဆန်းစစ်ခြင်း (Self-Reflection)” ဆိုတဲ့ မေးခွန်းတိုလေးတွေကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ စာအုပ်လေးကို ဖတ်ရင်း မိမိရဲ့စိတ်ကို မှန်တစ်ချပ်လို ပြန်လည်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး မိမိကိုယ်ကိုယ် ဝေဖန်အပြစ်တင်ခြင်း မပြုဘဲ အရှိကိုအရှိအတိုင်း အသိအမှတ်ပြုပေးကာ နူးညံ့စွာ ကုစားနိုင်ဖို့ ဖန်တီးပေးထားပါတယ်။


တစ်ညတည်းနဲ့ အပြီးဖတ်ရမယ့် စာအုပ်မျိုးမဟုတ်ပါဘူး။ စာတစ်မျက်နှာချင်းဆီကို ဖတ်ရှုရင်း မိမိကိုယ်ကိုယ် စိတ်ရှည်ပေးပါ၊ ကရုဏာထားပေးပါ၊ ဖြည်းဖြည်းချင်း ဖတ်ရှုခံစားပေးပါ။


သင်ဟာ... အတိတ်က ဒဏ်ရာတွေကြောင့် လက်ရှိမှာ ရှေ့ဆက်ဖို့ ခက်ခဲနေသူပဲဖြစ်ဖြစ်၊ ဆက်ဆံရေးတွေကြားမှာ မောပန်းနွမ်းနယ်နေသူပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ် ပိုမိုချစ်ခင်ပြီး ငြိမ်းချမ်းတဲ့ဘဝကို တည်ဆောက်ချင်သူပဲဖြစ်ဖြစ်... ဒီစာအုပ်လေးဟာ စာဖတ်သူရဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ ဘေးနားကနေ လက်ကိုတွဲပေးမယ့် အရင်းနှီးဆုံး သူငယ်ချင်းကောင်းတစ်ယောက်၊ လမ်းညွှန်မြေပုံတစ်ခု ဖြစ်လာပါလိမ့်မယ်။


✍️ ပွင့်ဖူး

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.