မြေရှားတွင်းထွက်များ [ထွန်းထွန်း(သတ္တုတွင်း)]
မြေရှားတွင်းထွက်(Rare earth minierals)ဆိုတဲ့အမည်က ခပ်ဆန်းဆန်း ဖြစ်နေသလို သူအကြောင်း သိသူကလည်း ခပ်နည်းနည်းပဲရှိတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ ယေဘူယျ သိနေကြတာက တန်ဖိုးကြီးတွင်းထွက်(Precious minerals)၊
အရေးကြီးတဲ့တွင်းထွက်(Important mineral) ဆိုတာလောက်ပဲ သိကြတာ၊ ဒါလည်း အမှန်ပါ။ မြေရှားနဲ့ပတ်သက်လို့ ရေးထားတဲ့ စာအုပ်တွေကို လူတိုင်းဖတ်ဖြစ်ကြတာ မဟုတ်ဘူး။
ဒီနေ့လို ဒီဂျစ်တယ်ခေတ်(Digital age) ဖြစ်လာတာဟာ နည်းပညာ တိုးတက်လာလို့တင်မကဘဲ အဲဒီ နည်းပညာကို အကောင်အထည်ဖော်ပေးမယ့် အဓိကပစ္စည်းတွေထဲကမှ အဓိက ကျတာက မြေရှားတွင်းထွက်(Rare earth minerals) တွေသာဖြစ်ပါတယ်။
မြေရှား(Rare Earht) တွေကို သုတေသနပြုပီး တီထွင်လာကြလို့ လက်ကိုင်ဖုန်းကအစ အာကာသယာဉ်အဆုံး မြေရှား နဲ့ ကင်းလွတ်တဲ့ ပစ္စည်းရယ်လို့ မရှိသလောက်ဖြစ်လာတဲ့ မြေရှားတွင်းထွက်(Rare earth minerals) ဆိုတာ မြန်မာနိုင်ငံမှာရောမရှိဘူးလား...
ရှိရင်ရော ဘာတွေအသုံးချနိုင်လဲဆိုတာကို စုံစုံလင်လင် ဖော်ပြထားတဲ့ ထွန်းထွန်း(သတ္ထုတွင်း) ရဲ့ မြေရှားတွင်းထွက်များ စာအုပ်ထွက်ရှိပါတယ်။
မြေရှားတွင်းထွက်များ(တတိယအကြိမ်)
~~~~~~~~~~~~
စာရေးသူ-ထွန်းထွန်း(သတ္တုတွင်း)
စာမျက်နှာ-၁၆၆
----------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.