Narrator Handbook (သော်သဇင်မိုး)

သော်သဇင်မိုး

Narrator Handbook (သော်သဇင်မိုး)

6500 MMK
Out of stock
Publisher
စာရိပ်မြိုင်
ISBN
Pages
Wishlist View cart

🎙 နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပြီး AI တွေ ဘယ်လောက်ပဲ စကားပြောပြော... လူသားတစ်ယောက်ရဲ့ အသက်ရှူသံ၊ လေသံတုန်ခါမှုနဲ့ စာနာနားလည်မှုပါတဲ့ အသံလှိုင်းတွေကိုတော့ ဘယ်တော့မှ အတုခိုးလို့ မရနိုင်ပါဘူး။


🎙 'Narrator Handbook' ဆိုတာက ရိုးရိုးရှင်းရှင်း စာဖတ်ပြရုံသက်သက် နည်းလမ်းများ မဟုတ်ဘဲ မိမိရဲ့အသံကို အသုံးပြုပြီး နားထောင်သူရဲ့ နှလုံးသားထဲအထိ ဘယ်လို စိတ်ချင်းဆက်သွယ်ရမလဲ (Empathy) ဆိုတာကနေစလို့၊ အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် စနစ်တကျ ရပ်တည်နိုင်မယ့် နည်းပညာပိုင်းဆိုင်ရာ (Technical Setup) အထိ ဖြတ်သန်းခဲ့တဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို နွေးထွေးစွာ လမ်းညွှန်ပေးထားတဲ့ လက်စွဲစာအုပ် ဖြစ်ပါတယ်။


🎙 "အသံလှရုံသက်သက်နဲ့ စာနာတတ်တဲ့ Narrator တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ဒါပေမဲ့ နားထောင်သူအပေါ် ထားတဲ့ သင့်ရဲ့ စေတနာပါတဲ့အသံကတော့ သင့်ကို ရေရှည်တည်တံ့တဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် (Personal Brand) တစ်ခုအဖြစ် ဖန်တီးပေးပါလိမ့်မယ်။"


🎙 သင့်အသံရဲ့ တန်ဖိုးကို လူသားဆန်တဲ့ ဩဇာသက်ရောက်မှုအဖြစ် ပြောင်းလဲပစ်ဖို့ ဒီစာအုပ်နဲ့စတင်လိုက်လို့ရပါပြီ။

( စာရေးသူ - သော်သဇင်မိုး )


📓 Narrator Handbook

✍️ စာရေးသူ သော်သဇင်မိုး

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books