ဖလော်ဆိုဖီ မှတ်စု (မင်းသန့်ဟန်)

မင်းသန့်ဟန်

ဖလော်ဆိုဖီ မှတ်စု (မင်းသန့်ဟန်)

7500 MMK
Out of stock
Publisher
ISBN
Pages
144
Wishlist View cart

📖ဖလော်ဆိုဖိ မှတ်စု


*ဖလော်ဆိုဖီ ဆိုတာဘာလဲ...?


ရှေးတုန်းက အရာရာကို အံ့ဩခြင်းနဲ့ တွေးခေါ်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ အရာရာကို သံသယနဲ့ တွေးခေါ် ဆန်းစစ်လာကြတယ်။


ဒီနေ့ခေတ်ဟာ တိုးတက်လာတဲ့သိမှုနဲ့ အတူရင်ဆိုင်လာရတဲ့ အခြေ အနေတွေဟာလဲ ဟိုးအရင်ကလို မဟုတ်တော့ပါဘူး။ ဟိုးအရင်ကထက် ပြဿနာမျိုးစုံကို ပိုပြီး ရင်ဆိုင်နေရတယ်၊ ဆုံးဖြတ်နေရတယ်။ မသေချာ ဘာမှ စိတ်မချနိုင်တာတွေ ပိုပြီးကြုံလာရတယ်။ တစ်နည်းအားဖြင့် သံသယ ပိုရှိလာကြတယ်။ ရှင်သန်ဖို့အတွက် ပြဿနာတွေကို ဖြေရှင်းဖို့ သံသယနည်းနဲ့ ကြိုးစားလာကြတယ်။


ပြဿနာဆိုတာ မေးခွန်းပါပဲ။ အဖြစ်အပျက်တစ်ခုကို ကြုံလာရပြီ ဆိုရင် အဲဒါဟာ အခြေအနေတစ်ခုပါ။ ကောင်းတယ်၊ ဆိုးတယ်ဆိုတဲ့ တုံ့ပြန် မှုဟာ ကျွန်တော်တို့ခံစားချက်ရဲ့ မှတ်ချက်ပေးမှုပါပဲ။ အဲဒီတော့ တုံပြန်မလား (Response) ၊အဖြေ (Answer) ပေးမလား။


သံသယနဲ့စခဲ့တဲ့အတွေးကို ယုတ္တိကျကျအားထုတ်တယ်။ မေးခွန်းက မှန်လား၊ မှားလား မေးခွန်းရဲ့အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း နားလည် အောင်လုပ်တယ်။ ဖြစ်နိုင်ခြေအရှိဆုံးအဖြေကို စစ်ထုတ်တယ်။ ဒါဟာ ကိုယ့်ရဲ့ တစ်ယူသန်တဲ့ရှုထောင့်ကနေ တတ်မြောက်အောင် ကြိုးစားအားထုတ်ပြီး ယုတ္တိကျကျ မှန်လည်းမှန်၊ အကျိုးလဲရှိတဲ့ တွေးခေါ်မှုပါပဲ။ တစ်နည်းအားဖြင့် ဒါဟာ ဖလော်ဆိုဖီစိတ်ထား (Philosophy Attitude) နဲ့ တွေးခေါ်ခြင်း ဖလော်ဆိုဖီပါပဲ...!

========================

စာရေးသူ–မင်းသန့်ဟန်

စာမျက်နှာ–144

------------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books