မပျော်ရွှင်သောနေ့ရက်များကို ဖြတ်ကျော်ခြင်း (နန္ဒစာရ)
ဒီစာအုပ်မှာ ပျော်ရွှင်ခြင်းကို ရှာဖွေတာမျိုးမဟုတ်ဘဲ မပျော်ရွှင်ခြင်းကို ဖြတ်ကျော်တာမျိုးကိုသာ ရေးထားတာ ဖြစ်ပါတယ်။
ဘာကြောင့် ပျော်ရွှင်ခြင်းကို မရှာတာလည်းဆိုတော့ အကြွင်းမဲ့ ပျော်ရွှင်ခြင်းဆိုတာမျိုးဟာ နေ့စဉ်လောကီဘ၀မှာ မရှိနိုင်လို့ပါ။ ဒါကြောင့် မပျော်ရွှင်ခြင်းကို ကျော်ဖြတ်ပြီး အဲဒီမပျော်ရွှင်ခြင်းတွေ နည်းလာတယ်၊ မပျော်ရွှင်ခြင်းတွေနဲ့ လက်ပွန်းတတီးဖြစ်လာတယ်ဆိုရင်ကိုပဲ တော်တော် အဆင်ပြေနေပါပြီလို့ မှတ်ယူပါတယ်။
ရှေ့က စာအုပ်တွေနဲ့ အဓိက ကွဲပြားနေမယ့်ပုံစံကတော့ စာအရေးအသားပါ။ စိတ်ပညာသဘောတရားတွေ၊ ဗုဒ္ဓစာပေကလာတဲ့ စိတ်ကုထုံးဆိုင်ရာ တန်ဖိုးတွေကို စာဟန်ပေဟန်နဲ့ မရေးဘဲ ဇာတ်ကောင်တစ်ယောက်ရဲ့ စကားပြောဟန်နဲ့ ရေးသားထားပါတယ်။
ဒီစာအုပ်ဟာ စိတ်ကျဝေဒနာကို ခံစားနေရတဲ့ ဇာတ်ကောင်တစ်ယောက်က သူ့ရဲ့ ခံစားရတဲ့ ပြဿနာတွေ၊ လက္ခဏာတွေကို ပြန်ပြောပြတာမျိုး၊ စိတ်ပညာသဘောတရားတွေနဲ့ ချိတ်ဆက်ပြတာမျိုးဖြစ်ပါတယ်။
ဒီစာအုပ်ဟာ အရေးအသားပေါ့ပါးတယ်၊ ဇာတ်ကောင်နဲ့ ဇာတ်ကွက်တွေပါတယ်ဆိုပေမယ့် ဖြေးဖြေးချင်း အချိန်ယူပြီး ဖတ်ရမယ့် စာအုပ်မျိုးပါ။
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.