လူမှုဗေဒပညာ (ဒေါက်တာမြင့်လွင်)
"Sociology ဘာသာရပ်ဟာ လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပြီး လူ့အဖွဲ့အစည်းတွေ ဘယ်လို ဆင့်ကဲ ပေါ်ပေါက်လာသလဲ၊ ရုပ်ဝတ္ထုယဉ်ကျေးမှုနဲ့ ရုပ်ဝတ္ထုမဲ့ယဉ်ကျေးမှုတွေ ဘယ်လို ဆင့်ကဲ ထွန်းကားလာသလဲ၊ လူမှုအလွှာတွေ ဘယ်လို ဖွဲ့စည်းပေါ်ပေါက်လာပြီး လူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိသလဲ၊ ရာဇဝတ်မှုခင်း၊ ကျင့်ဝတ်စည်းကမ်း မလိုက်နာမှုတွေ ဘာကြောင့်ဖြစ်လာသလဲ၊ မိသားစုအဖွဲ့အစည်း၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံအစိုးရအဖွဲ့အစည်းတွေ ပေါ်ပေါက်လာပုံ၊ လူဦးရေဖွဲ့စည်းမှုရဲ့ လူတွေ အပေါ်သက်ရောက်မှု၊ မြို့ပြများ ဖြစ်ပေါ်ပြောင်းလဲလာမှုအကြောင်း၊ ကမ္ဘာ့နိုင်ငံ အလွှာ အဖွဲ့အစည်းတွေ၊ ပဋိပက္ခတွေ၊ တော်လှန်ရေးတွေ ဘယ်လို ဖြစ်ပေါ်လာလဲ" ဆိုတာ သူ့ရဲ့ ဘာသာရပ်ရှုထောင့်ကနေ ကြည့်မြင်လေ့လာထားပါတယ်။
လူမှုဗေဒပညာ
(လူ့အဖွဲ့အစည်းတွေထဲက လူတွေအကြောင်း)
ရေးသူ-ဒေါက်တာမြင့်လွင် (စိတ်ပညာ)
စာ-၇၀၀၀
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.