ရန်ရန်ချင်းလော မေတ္တာလော (ဥရုကိုကို)

ဥရုကိုကို

ရန်ရန်ချင်းလော မေတ္တာလော (ဥရုကိုကို)

9000 MMK
Out of stock
Publisher
ISBN
Pages
142
Wishlist View cart

🍀စာအုပ်အမည် - ရန်ရန်ချင်းလော မေတ္တာလော

🍀စာရေးသူ - ဥရုကိုကို

🍀စာမျက်နှာ - ၁၄၂

#စာညွှန်း -

* စာရေးဆရာ ဥရုကိုကိုရဲ့ တို့တို့ထိထိ ညှိညှိမိမိ အရေးအသားတွေနဲ့ ကလောင်ကွန့်မြူးထားတဲ့ ကချင်ပြည်နယ်ရနဲ့သင်းလှိုင် ကြိုင်နေတဲ့ ဆင်ဇာတ်လမ်းတစ်ပုဒ်။ ရှမ်းအိုးစည်သံတွေ၊ ရှမ်းမောင်းသံတွေ၊ မနော

တေးသံတွေ၊ ဆင်အော်သံတွေ၊ ဟစ်ကြွေးသံတွေနဲ့ မြူးကြွ သွက်လက်တဲ့ ရသစုံ ဇာတ်လမ်းလေး။

* အထူးသဖြင့် မုဆိုးတံငါ စာပေကို နှစ်သက်သူတွေ၊ စွန့်စားခန်းကို နှစ်ခြိုက်သူတွေ၊ ဇာတ်လမ်းရဲ့ အလှည့်အပြောင်း အကွေ့အကောက်ကို ရင်ခုန်စိတ်လှုပ်ရှားချင်သူတွေအတွက် ထမင်းစားပြီး တစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တို ဆိုတာမျိုး။ ရသဝတ္ထုကောင်းကောင်းလေးတစ်ပုဒ်လောက် ဖတ်လိုက်ရမှ အာသာပြေတာဆိုတဲ့လူမျိုးတွေ ဖတ်သင့်တယ်။

* မုန်ယိုသောင်းကျန်းနေတဲ့ ဆင်တစ်ကောင်က အစပြုလို့ လူနှင့် ဆင်၏ ပဠိပက္ခ၊ ဆင်ဦးစီးမိသားစု၏ အိမ်တွင်းရေးပြဿနာ အရှုတ်အထွေး။ သူတို့၏ လောဘ မောဟ ဒေါသနှင့်အပြိုင် အငြိုးအတေးအာဃာတတွေဟာ ဇာတ်လမ်းရဲ့အဓိက အားပြိုင်လှုပ်ရှားမှုတွေပါ။

* သည်ဝတ္ထုဟာ လူနှင့် တိရိစ္ဆာန်တို့ရဲ့ ချစ်မေတ္တာသံယောဇဉ်ကို ဖော်ပြနိုင်တာကို မြင်လိုက်ရတယ်။

* ရသစာပေချစ်သူတွေအနေနဲ့ ဖတ်လို့ အချိန်ကုန် ခံရကျိုး နပ်မယ်။ ဖတ်ပြီးရင် ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မယ်လို့လည်း ယူဆမိပါတယ်။

----------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.