အာဂမိန်းမ (မြူနှင်းဝေ)

မြူနှင်းဝေ(ဘာသာပြန်)

အာဂမိန်းမ (မြူနှင်းဝေ)

8500 MMK
Out of stock
Publisher
ISBN
Pages
247
Wishlist View cart

**မေးလ်မက်စ်ဟာ ဖက်ရှင်ကျပြီး ဖော်ရွေတဲ့၊ ခေတ်နဲ့အမီလိုက်နိုင်တဲ့ စူပါမော်ဒယ် တစ်ယောက်။ သူ့မှာ ကြီးမားတဲ့မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းကြီးလည်းရှိသေးတယ်။ အသက်က ၇၁နှစ် ဒါပေမဲ့ သူ့အတွက် အရာအားလုံးက အခုမြင်ရသလောက် မလွယ်ကူသလို ဒီလို တောက်ပလာဖို့လည်း ခက်ခဲခဲ့ပါတယ် သူဟာ အသက် ၃၁နှစ် အရွယ်မှာ ဆင်ဂဲလ်မားသားဖြစ်လာခဲ့ပါတယ်။

ကလေးသုံးယောက်ကို ပြုစုစောင့်ရှောက်ဖို့ အတော်လေး ရုန်းကန်ခဲ့ရတယ် ပလတ်ဆိုက်ဇ်မော်ဒယ်အဖြစ် ကိုယ်အလေးချိန်ပြဿနာတွေကို ခါးစည်းခံခဲ့ရသလို မော်ဒယ်လောကရဲ့ အသက်အရွယ်တန်း ပြဿနာတွေလည်း ကြုံတွေ့ခဲ့ရဖူးပါတယ် တစ်ဖက်မှာလည်း သူ့ဘဝတစ်လျှောက်လုံး လူလေးစားခံရတဲ့ အစိုးရအသိအမှတ်ပြုအာဟာရဗေဒပညာရှင်အဖြစ်ရပ်တည်လာခဲ့ပါတယ် အဲဒီကာလတလျှောက်လုံးမှာ ကမ္ဘာ့တိုက်ကြီး ၂တိုက်၊

နိုင်ငံပေါင်း ၃နိုင်ငံရဲ့ မြို့ကြီး၈ခုမှာ ဘဝကို အကြိမ်ကြိမ် ပြန်စခဲ့ရတာပါ။ ဒါပေမဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်၊ ကြံ့ခိုင်တဲ့ဇွဲလုံ့လနဲ့ ကြိုးစားဖောက်ထွက်ခဲ့လို့ ကမ္ဘာ့အဆင့် ကျော်ကြားမှုမျိုးကို ရရှိခဲ့ပြီး အခုအသက်အရွယ်ကို သူ့ဘဝရဲ့အကောင်းဆုံးအချိန်လို့တောင် ခေါ်နေပါပြီ။

📖ဒီစာအုပ်ထဲမှာ မေးလ်က သူ့ဘဝနဲ့ရင်းပြီး ရလာတဲ့ အကြောင်းအရာတွေဖြစ်တဲ့အသက်မွေးမှုနဲ့ပတ်သက်ပြီး ခက်ခဲစွာ ရုန်းကန်ရင်းရလာတဲ့ အသိပညာတွေအကြောင်း၊ မိသားစုအကြောင်း၊ ကျန်းမာရေးအကြောင်းနဲ့ စွန့်စားခန်းတွေအကြောင်းစတဲ့အကြောင်းအရာတွေကို မျှဝေပေးထားပါတယ်။ ဘဝမှာဖြစ်ပျက်လာသမျှကို ထိန်းချုပ်လို့ မရပါဘူး ဒါပေမဲ့ ဘယ်အရွယ်ပဲရောက်ရောက် ကိုယ်လိုချင်တဲ့ ဘဝမျိုးကို ဖန်တီးယူလို့ရပါတယ် အစီအစဉ်လေး ရှိနေဖို့ပဲ လိုတာပါ။

-------------------

အာဂမိန်းမ

~~~~~~~~

✍️မြူနှင်းဝေ(ဘာသာပြန်သည်)

စာမျက်နှာ-၂၄၇

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.