မှားလေ့ရှိသော အမှားများ
ဤစာအုပ်တွင် အခန်း ၅ခန်း ပါရှိပါသည်။ နမူနာအပုဒ်တိုင်းတွင် မှားတတ်သည့်ဝါကျကို ပထမဖော်ပြထားပြီး၊ အောက်တွင် အမှန်ဝါကျကို နှိုင်းယှဉ်ဖော်ပြပေးထားပါသည်။ ယင်းအောက်တွင် မြန်မာလို ဖော်ပြပေးထားပါသည်။ အဆိုပါ ဝါကျနှစ်ကြောင်းကို နှိုင်းယှဉ်လေ့လာရုံဖြင့် သဘော ပေါက်နိုင်သော်လည်း၊ လူတိုင်း ရှင်းလင်းနားလည်စေရန် ရည်ရွယ်လျက် အပုဒ်တိုင်းအတွက် ထိမိသော ရှင်းလင်းချက်မှတ်စုကို မြန်မာလို ဖော်ပြထားပါသည်။
နမူနာပေးဝါကျများဖြင့် ရှင်းလင်းတင်ပြထားသည်ကို နားလည်သဘောပေါက်အောင် ဦးစွာ ဆောင်ရွက်ပါ၊ ပြီးလျှင် အခန်း (၂) ရှိ လေ့ကျင့်ခန်း ကွက်လပ်များကို ဖြည့်ကြည့်ခြင်းဖြင့် တိုးတက်မှု ရှိ/မရှိ စမ်းသပ်ကြည့်ပါ။ အဖြေကိုလည်း ပေးထားပါသည်။ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ အမှား တိုင်းကို ဤစာအုပ်တွင် အားလုံးပြည့်စုံအောင် ဖော်ပြပေးထားသည်ဟု မဆိုလိုပါ။ “မှားလေ့ရှိသော အမှားများ အနက် 'common ဖြစ်သည့် အမှားများကိုသာ ရွေးထုတ်ကာ ရှင်းလင်းဖော်ပြ ပေးထားခြင်းဖြစ်ပါသည်။
ဤစာအုပ်ကို ပေါ့ပေါ့ပါးပါးနဲ့ လေ့လာဆည်းပူးနိုင်စေရန် ရေးသားပြုစုထားပါသည်။
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.