စိုးတထင့်ထင့်(အာကာဦး)

Unknown author

စိုးတထင့်ထင့်(အာကာဦး)

11000 MMK
Out of stock
Publisher
စာရိပ်မြိုင်
ISBN
Pages
160
Wishlist View cart

✍️ ဂျပန်စာရေးဆရာမ ဘနားနား ယိုရှိမိုတိုက မြန်မာစာဖတ်ပရိသတ်တွေနဲ့ မစိမ်းတဲ့အပြင် တစ်အုပ်ဆို ဆိုသလောက် လူကြိုက်များတာကြောင့် သူ့အကြောင်းကို ထွေထွေထူးထူး ပြောပြနေစရာ မလိုတော့ဘူး ထင်ပါတယ်။ သူ့ဝတ္ထုတွေက မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ၊ တစ်နည်းနည်းကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာကို အခြေတည်ပြီး ရေးဖွဲ့ထားလေ့ရှိတယ်။ သူ့ရဲ့ တင်ပြပုံက ထူးခြားလွန်းလို့ စာဖတ်သူက သူ့စာကို ဖတ်ရင်းနဲ့ပဲ တွေးလိုက်ငေးလိုက် ချရေးလိုက်လုပ်နေတဲ့ စာရေးသူကို မျက်လုံးထဲမှာ မြင်ယောင်လာမိတဲ့ အထိပဲ။


✍️ ယိုရှိမိုတိုက ဝတ္ထုကို သူ့ထုံးစံအတိုင်း စိတ်အလျဉ်ရေးနည်းနဲ့ ရေးတာဆိုတော့ အခုရက်တွေလို မိုးအေးအေးမှာ ဘေးနား ကော်ဖီတစ်ခွက်ချပြီး သူ့စာအုပ်ကို ကွေးကွေးနဲ့ တွေးရင်းငေးရင်း ဖတ်ရတာ၊ စာရေးသူရဲ့ စိတ်အလျဉ်နဲ့အတူ လိုက်ပြီး စီးလွင့်မျောပါရတာက အင်မတန်မှ အရသာရှိတယ်။



Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.

Related books