ပန်းပျိုးလက်ငါးသွယ်
This book is not in stock yet. Delivery may take about 3 days.
‘ပန်းပျိုးလက်ငါးသွယ်” သည် လက်တွေ့လုပ်ကိုင်နေကြသူများ အတွက် လက်စွဲစာအုပ်ဖြစ်နိုင်သကဲ့သို့ သင်တန်းများအတွက် ပြဋ္ဌာန်း စာအုပ်လည်း ဖြစ်နိုင်ပါသည်။ ကလေးများနှင့် လုပ်ကိုင်နေကြရပြီး ကလေးများ မည်ကဲ့သို့ စဉ်းစားကြသည်၊ မည်ကဲ့သို့ ပြုမူကြသည်၊ ကလေးများနှင့်အတူ မည်ကဲ့သို့ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မည်ကို နားလည်လိုကြသူများအတွက် စီစဉ်ထားသော စာအုပ် တစ်အုပ်ဖြစ် သည်။ သဘောတရားနှင့် လက်တွေ့ကျင့်သုံးမှုတို့၏ အပြန်အလှန် ဆက်နွှယ်မှုကို ဆွေးနွေးခြင်းဖြင့် စတင်ထားပါသည်။
ကလေးသူငယ် ဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏ အကောင်း ဆုံး လက်တွေ့ ကျင့်သုံးမှုများ၏ မြစ်ဖျားခံရာ အသိပညာ ပင်မကို ဖြည့်ဆည်းပေးခဲ့ကြသည့် အဓိကပုဂ္ဂိုလ်ငါးဦး၏ ကြိုးပမ်းချက်များကို သုံးသပ်တင်ပြထားပါသည်။ အခြေခံမိတ်ဆက်သဘော တင်ပြထားပြီး တတ်နိုင်သမျှ ပညာရပ် မဆန်အောင်လည်း ကြိုးပမ်းထားပါသည်။ သဘောတရားနှင့် လက်တွေ့ကျင့်သုံးမှုတို့၏ အဆက်အစပ်၊ ကလေး များအပေါ် ထိုအဆက်အစပ်၏ အမှန်တကယ် သက်ရောက်မှုတို့နှင့် ပတ်သက်ပြီး စိတ်ဝင်စားကြသည့် ပုဂ္ဂိုလ်များ၏ဆန္ဒကို ဖြည့်ဆည်းပေး နိုင်မည်ဟု မျှော်လင့်ပါသည်။
(အမှာစာမှဖော်ပြသည်)
တန်ဖိုး-6000
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.