အတ္တကို ကျော်လွင်္န၍

Unknown author

အတ္တကို ကျော်လွင်္န၍

15000 MMK
Backorder

This book is not in stock yet. Delivery may take about 3 days.

Publisher
—
ISBN
—
Pages
230
Wishlist View cart

ကျွန်တော်တို့အားလုံးဟာ… ဘဝရဲ့နာကျင်မှုတွေကို ဖြတ်သန်းရင်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကိုယ်ပိုင်အုတ်ရိုးတွေ ကိုယ်စီ တည်ဆောက်ခဲ့ကြပါတယ်။ တတကယ်တော့… အဲဒီထဲက တချို့အုတ်ရိုးတွေဟာ လုံခြုံဖို့အတွက် တည်ဆောက်ခဲ့တာပါ။ အဲဒီအုတ်ရိုးတွေက အစပိုင်းမှာ ကျွန်တော်တို့ကို ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ … အဲဒီအုတ်ရိုးတွေကပဲ ကျွန်တော်တို့ရဲ့အမြင်၊ အတွေးနဲ့ ဖြစ်တည်မှုကို တဖြည်းဖြည်း ကျဉ်းမြောင်းလာစေခဲ့ပါတယ်။ အဲဒီအုတ်ရိုးရဲ့နာမည်ကတော့“အတ္တ” (Ego) ပါပဲ။ တစ်ယောက်ယောက်ရဲ့စကားတစ်ခွန်းကို ရက်ပေါင်းများစွာ ပြန်တွေးနေမိတဲ့နေ့တွေ၊ ကိုယ့်တန်ဖိုးကို လူတွေရဲ့အသိအမှတ်ပြုမှုတွေနဲ့ တိုင်းတာနေမိတဲ့ အခိုက်အတန့်တွေ၊ အရာအားလုံး အဆင်ပြေနေသလိုထင်ရပေမယ့် နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာ အမည်ပေးလို့မရတဲ့ လေးလံမှုတစ်ခုကို သယ်ဆောင်ထားရတဲ့ နေ့ရက်တွေ… အဲဒီအတွေ့အကြုံတွေဟာ… ကျွန်တော်တို့ မမြင်ခဲ့တဲ့ ကိုယ့်အတွင်းကမ္ဘာကို သတိထားမိစေဖို့ အချက်ပြမှုတွေပါ။ Beyond The Egoဟာ အချစ်ရေး၊ မိသားစု၊ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝထဲမှာ အတ္တရဲ့လှုပ်ရှားပုံတွေကို ပိုမို မြင်လာစေပြီး… အတိတ်ကို ခွင့်လွှတ်ဖို့၊ ပစ္စုပ္ပန်ကို သတိတရားနဲ့ ထိတွေ့ရှင်သန်ဖို့၊ ကိုယ့်ရဲ့စစ်မှန်တဲ့ ဖြစ်တည်မှုဆီ ပြန်လည်လျှောက်လှမ်းဖို့ လိုအပ်တဲ့ နားလည်မှုတွေကို မျှဝေထားပါတယ်။ တစ်သက်လုံး ကာကွယ်လာခဲ့တဲ့ “ငါ” ဆိုတဲ့ ပုံသေကားချပ်ရဲ့တစ်ဖက်မှာ… ပိုမိုကျယ်ပြန့်တဲ့ နားလည်မှု၊ ပိုမိုပေါ့ပါးတဲ့ ရှင်သန်မှုနဲ့ ပိုမိုစစ်မှန်တဲ့ လွတ်လပ်မှုက သင့်ကို စောင့်ကြိုနေပါတယ်။ ကိုယ့်ရဲ့စစ်မှန်တဲ့ ဖြစ်တည်မှုဆီ ပြန်လည်လျှောက်လှမ်းဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်… Beyond The Ego ဟာ သင့်အတွက် ခရီးဖော်တစ်ဦး ဖြစ်လာပါလိမ့်မယ်။

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.