မိသားစုလုပ်ငန်းမှ စနစ်ကျသောလုပ်ငန်းသို့  (အောင်စည်လင်း)

အောင်စည်လင်း

မိသားစုလုပ်ငန်းမှ စနစ်ကျသောလုပ်ငန်းသို့ (အောင်စည်လင်း)

22000 MMK
Out of stock
Publisher
စာပေလမ်း
ISBN
Pages
200
Wishlist View cart

“သင့်လုပ်ငန်းက သင်မရှိဘဲ မလည်ပတ်နိုင်ဘူးဆိုရင် သင်ဟာ လုပ်ငန်းပိုင်ရှင်မဟုတ်ပါဘူး၊ အလုပ်တစ်ခု ရှိနေရုံသက်သက်ပါ။”


လုပ်ငန်းတစ်ခု စတင်တည်ထောင်ခါစမှာ ကိုယ်တိုင်အရာရာလိုက်လုပ်တာ မှန်ကန်ပေမဲ့ လုပ်ငန်းကြီးထွားလာတဲ့အချိန်မှာတော့ "လူ" ကို အားကိုးနေမယ့်အစား "စနစ်" ကို ပြောင်းလဲအသုံးပြုဖို့ လိုအပ်လာပါတယ်။ လုပ်ငန်းစနစ်ချခြင်း (Business Systemization) ဆိုတာ စက်ရုံကြီးတွေ၊ ကုမ္ပဏီကြီးတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲက မုန့်ဟင်းခါးဆိုင်ကစလို့ Online Shop အထိ စနစ်ရှိဖို့ လိုအပ်ပါတယ်။


ဒီစာအုပ်ထဲမှာ ခက်ခဲနက်နဲတဲ့သီအိုရီတွေထက် မြန်မာ့လုပ်ငန်းခွင်သဘာဝနဲ့ ကိုက်ညီမယ့် လက်တွေ့ကျတဲ့ SOP ရေးဆွဲနည်းတွေ၊ HR စနစ်၊ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုစနစ်တွေနဲ့ နည်းပညာ အသုံးပြုပုံတွေကို အသေးစိတ် လမ်းညွှန်ပေးထားပါတယ်။ ဒီစာအုပ်က မိတ်ဆွေရဲ့လုပ်ငန်းကို တစ်ဆင့်မြှင့်တင်ပေးမယ့် လမ်းပြမြေပုံတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။


◾မိသားစုလုပ်ငန်းမှ စနစ်ကျသောလုပ်ငန်းသို့

◾အောင်စည်လင်း

◾စာမျက်နှာ - ၂၀၀

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.